ဆေးရောင်စုံ
Sunday, November 2, 2008
ဧည့်သည်
ကြာတော့တက်စီစီးမယ်ကြံတယ် ဒါပေမယ့် တက်စီဖိုးကဈေးကြီးတော့ မစီးဖြစ်ခဲ့ကြဘူး…ဒါနဲ့ပဲ ဘတ်စ်ကားပဲစီး
ဖြစ်ကြတယ်ပေါ့ဗျာ..(မျှော်...)
Friday, August 29, 2008
အချစ်
ဟောဘယ်ကစလည်းဆိုတော့ အာဒံကတစ်ယောက်တည်းဖြစ်နေတော့ သူ့နံရိုးတစ်ချောင်းကိုမိုးပေါ်ပစ်ပြီးဆုတောင်းလိုက်
တယ်အဲမှာပဲအင်းဝဆိုတဲ့မိန်းမချောလေးဖြစ်လာပြီး...နောက်ဆုံးတော့သူတို့ချစ်ကမ္ဘာတည်ခဲ့ကြတယ်...ဟဲဟဲလူသားလေး
တွေဖြစ်လာတယ်ပေါ့ဗျာ...လူတွေဟာအဲဒီလူသားနှစ်ဦးကနေပဲပေါက်ဖွားလာကြတယ်ဆိုရင်ကျွန်တော်တို့တွေဟာအားလုံး
ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတွေပေါ့ ဟဲဟဲ...ဟုတ်လားသိဘူး...ငရဲတော့ကြီးကုန်တော့မှာပဲ...ဒါကတော့ထားလိုက်
ပါတော့ကျွန်တော်ပြောချင်တာကအချစ်၊အချစ်ဆိုတာဘာလဲ...မေးလိုက်ချင်တယ်...ပြောကြလိမ့်မယ်တစ်ယောက်တစ်မျိုး...
မလိုချင်ဘူးပြောကြပါ အချစ်ကိုအဓိပါယ်တူတာလေး...အများကြီးမတူပါနဲ့ဗျာ နှစ်ယောက်လောက်ပဲတူပေးပါ...ဒီလိုပြောလို့
ကျွန်တော်လည်းသိလိမ့်မယ်လို့မထင်နဲ့ သိဘူး...ဒါပေမယ့်လူတွေကိုတော့မေးဖူးတယ်...ပြောကြတာပဲတစ်ယောက်တစ်မျိုး...
ကဗျာဆရာတွေ၊သီချင်းရေးဆရာတွေကလည်းရေးလိုက်ကြတာအမျိုးမျိုး..အချစ်ဆိုတာပေးဆပ်မှူ၊အချစ်ဆိုတာရယူမှူ။အချစ်
ဆိုတာ စွန့်လွတ်ခြင်း၊နားလည်မှူ... အာ...ရှုပ်နေတာပဲ...ဘယ်သူမ အတိအကျ မပြောနိုင်ကြပါဘူး...အလွန်ခက်ခဲနက်နဲတဲ
လကမ္ဘာပေါ်တောင် လူတွေရောက်အောင် လူသားတွေပေါင်းစပ်ပြီး ကြိုးစားခဲ့ကြတယ်...ဒါပေမယ့် အချစ်ဆိုတဲ့စကားလေး
တစ်လုံးကျတော့ ဘာဖြစ်လို့ တူညီသောအဓိပ္ပါယ် မဖွင့်ဆို နိုင်ကြတာလဲ...စဉ်းစားစရာပဲဗျာ...အော်အချစ်အချစ်တော်တော်
ခက်ခဲနက်နဲတာပါလားဗျာ...ကျွန်တော်ကတော့အချစ်ကိုအချစ်လို့ပဲပြောချင်တယ်ဗျာ...ဟဲဟဲ..သူငယ်ချင်းကကောဘယ်လို
ပြောမလဲ???
Tuesday, August 26, 2008
တစ်ဦးစေတနာတစ်ဦးမှာ
သစ္စာရိပ်ဆိုတဲ့လမ်းထဲကအိမ်ကလေးမှာပေါ့ လူပျိုကြီးတစ်ယောက်နေထိုင်သည်။
မိသားစုမရှိအဖော်မရှိ တကိုတည်းသမားတစ်ယောက်ပေါ့။ လူပျိုဆိုတော့ ဘယ်လို
နေလဲသိလောက်ပါတယ်။ သူ့အိမ်ကမီးလင်းဖိုလေး ဘးမှာထိုင်ပြီးသတင်းစာဖတ်ရ
တာကိုကြိုက်လေသည်။
သူ့အိမ်ရဲ့မြေအောက်ခန်းမှာမီရှကာလေးနေထိုင်တယ်။ သူမကလေးကဒီလူပျိုကြီး
ဆီကိုမကြာခဏအလည်လာတယ်။ သူလဲပဲဒီမီးလင်းဖိုလေးဘေးမှာ နေရတာကို
အကြိုက်တွေ့နေလေသည်။ဘာလို့ဆိုအမြဲတမ်းသူမလေးကမီးဖိုချောင်ကကြောင်
အိမ်နဲ့ကြမ်းပြင်ပေါ်မှာပေါင်မုန့်နဲ့ဒိန်ခဲ လေးတွေကိုရှာစားလို့ရတယ်သည်။ တစ်နေ့
သန့်ရှင်းရေးလုပ်တဲ့အမျိုးသမီးရောက်လာပြီး သူမကစောစီးစွာ လူပျိုကြီးအခန်းကို
သန့်ရှင်းရေးလုပ်တယ်လေ.ဒါနဲ့ပဲ မီရှကာလေးစားစရာတွေရှာလို့မရတော့ဘူး ဖြစ်
နေသည်။ နောက်ပိုင်းမှာ အဲဒီသန့်ရှင်းရေးအမျိုးသမီးက နေ့တိုင်းသန့်ရှင်းရေးလာ
လုပ်သည်။ ပေါင်မုန့်တို့ဒိန်ခဲတွေကိုလဲရေခဲသေတ္တာထဲထည့်လိုက်တယ်။ မီရှကာ
လေး အခက်တွေနေလေသည်။ဒါနဲ့ပဲအိမ်အပြင်လမ်းမှာအစာထွက်ရှာရလေသည်။
မကြာခင်မှာပဲ ချမ်အေးတဲ့ဆောင်ရာသီကိုရောက်ရှိလာခဲ့လေ သည်။
မီရှကာလေးအပြင်ထွက်အစာရှာရတာအခက်တွေ့နေပြန်သည်။ ချမ်းအေးလွန်း
တဲ့ညနေခင်းမှာ လမ်းပေါ်မှာလဲနှင်းတွေကလဲဖွေးနေလေသည်။ အဲဒီနေ့မှာပဲ
မီရှကာလေး အရမ်းပဲဗိုက်ဆာလာတယ်သူမတစ်နေ့လုံးဘာမှမစားရသေးဘူး…ဒါနဲ့
ပဲလူပျိုကြီးဆီသွားဖို့ကိုသူမဆုံးဖြတ်လိုက်ပြီး လူပျိုကြီးဆီ သွားလေသည်။လူပျိုကြီး
လဲမီးလင်းဖိုဘေးမှာရှိနေသည်။ မီရှကာလေးက လူပျိုကြီးကိုးအကြာကြီးကြည့်နေ
ခဲ့သည်။ လူပျိုကြီးများ သူ့ကိုကြည့်ပြီး ပေါင်မုန့်နဲ့ဒိန်ခဲ ပေးလိမ်မယ်လို့မျှော်လင့်နေ
သည်။ မီရှကာလေး မကြာကြီးစောင့်နေခဲ့သည်။
နောက်ဆုံးမှာတော့ လူပျိုကြီးသတင်းစာဖတ်လို့ပြီးသွားသည်။ ညစာတွက်ပြင်ဆင်ဖို့
မီးဖိုချောင်ကိုသွားသည်။ အဲဒီမှာ မီရှကာလေးကိုမြင်သွားသည်။
မင်းဒီမှာဘာလုပ်နေတာလဲ …ငါမင်းကိုမဖိတ်ခေါ်ထားပါဘူး လို့လူပျိုကြီးကပြော
လိုက်သည်။မီရှကာလေးကလဲ သူ့ကိုစကားအရမ်းပြန်ပြောချင်နေသည်။သူမအရမ်း
ဗိုက်ဆာနေတယ်…ဘာမှမစားရတာကြာပါပြီ ။ဒါပေမယ့်သူမဘယ်လိုပြောရမလဲဆို
တာမသိဘူး။သူမကလူစကားမှမပြောတက်တာကို။ လူပျိုကြီးညစာအတွကပေါင်မုန့်
နဲ့ဒိန်ခဲတွေပြင်ဆင်လို့ပြီးသွားပြီ။မီရှကာလေးစဉ်းစားတယ်သူ့ကိုဘယ်လိုပြောရမလဲ
ဆိုတာကို အင်းဖြစ်နိုင်တာကတော မြေအောက်ခန်းထဲကအစိမ်းရောင်စာရွက်ကလေး
ပေးရမယ်… သူတွေထားတာကြာပြီခဲ့ဖြစ်သည်။ လူပျိုကြီးက အရမ်းကြင်နာတက်တဲ့
လူဖြစ်သောကြောင့် မီရှကာလေးကိုကြာကြာကြည့်မနေနိုင်ဘူး။ ပေါင်မုန့်နဲ့ဒိန်ခဲနည်း
နည်းကျွေးလိုက်သည်။ မီရှကာလေး အရမ်းပျော်သွားခဲ့သည်။လျှင်မြန်စွာပဲအားလုံးကို
စားပစ်ခဲ့သည်။် ပြီးတော့ လုပျိုကြီးကို ငါမင်းကိုလက်ဆောင်ပေးချင်တယ် ပြောပြီးမြေ
အောက်ခန်းထဲကို ပြေးသွားသည်။ လူပျိုကြီးကတော့ ဘာမှနားလည်မှာမဟုတ်တာ
သေချာသည်။ နာရီဝက်လောက်ကြာတော့ မီရှကာလေးပြန်လာခဲ့သည်။
မင်းဘာလို့ ဒီနေရာကိုပြန်လာတာလဲ ငါမင်းကိုအကုန်ပေးလိုက်ပြီလေ
ငါ့မှာဘာရှိသေးလို့လဲ မင်းဘာအလိုရှိလို့လဲ လို့လူပျိုကြီးကမေးလိုက်သည်။ မီရှကာ
လေးက လှပတဲ့အစိမ်းရောင်စာရွက်လေးကို လူပျိုကြီးကို ပေးလိုက်သည်။ဒါသူမရဲ့
လက်ဆောင်ပါ။လူပျိုကြီးက စာရွက်ကိုလက်ခံလိုက်သည်။အဲဒီအစိမ်းရောင်စာရွက်
လေးက ဒေါ်လာ ၁၀၀ တန်စာရွက်လေးဖြစ်နေတာကိုး။ငါ့အတွက်တော့လိုအပ်တယ်
မင်းဘယ်ကယူလာတာလဲ မေးလိုက်တယ်။ ဒါပေမယ့် မီရှကာလေးဘာမှနားမလည်
ပြန်မပြောနိုင်ဘူးလေ။ယခုမှာတော့ မီရှကာလေး ဗိုက်ဆာတဲ့အချိန်တိုင်း လူပျိုကြီးဆီ
မှာဧည့်သည်လာလုပ်တယ်။လူပျိုကြီးကလည်းအမြဲတမ်းမီရှကာလေးကို စောင့်နေခဲ့တယ်၊လာတာနဲ့ပေါင်မုန့်နဲ့ဒိန်ခဲကျွေးတယ်။မီရှကာလေးကလည်း လူပျိုကြီးကို အစိမ်း
ရောင်စာရွက်လေးပြန်ပေးသည်။ လူပျိုကြီးလည်း မီရှကာလေးကိုနေ့တိုင်းပဲစောင့်မျှော်
နေလေသည်။
သူငယ်ချင်းတို့ကောမီရှကာလေးနဲ့မတွေ့ချင်ဘူးလား… တွေ့ရင်လဲမေးကြည့်ပေါ့ဗျာ…မင်းဘယ်မှာနေတာလဲ…အစိမ်းရောင်စာရွက်လေးတွေ
ဘယ်ကရနိုင်လဲလို့ မေးကြည့်လိုက်ပါဗျာ…
( မီရှကာ = ကြွက်မလေး )