Friday, August 29, 2008

အချစ်

အချစ်...ကမ္ဘာဦးမစကတည်းက အချစ်ရှိခဲ့ကြတယ်လိုဆိုခဲ့တယ်...အချစ်ကို အာဒံနဲ့ ဧ၀ ကစခဲ့တယ်လိုပြောကြတယ်...
ဟောဘယ်ကစလည်းဆိုတော့ အာဒံကတစ်ယောက်တည်းဖြစ်နေတော့ သူ့နံရိုးတစ်ချောင်းကိုမိုးပေါ်ပစ်ပြီးဆုတောင်းလိုက်
တယ်အဲမှာပဲအင်းဝဆိုတဲ့မိန်းမချောလေးဖြစ်လာပြီး...နောက်ဆုံးတော့သူတို့ချစ်ကမ္ဘာတည်ခဲ့ကြတယ်...ဟဲဟဲလူသားလေး
တွေဖြစ်လာတယ်ပေါ့ဗျာ...လူတွေဟာအဲဒီလူသားနှစ်ဦးကနေပဲပေါက်ဖွားလာကြတယ်ဆိုရင်ကျွန်တော်တို့တွေဟာအားလုံး
ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတွေပေါ့ ဟဲဟဲ...ဟုတ်လားသိဘူး...ငရဲတော့ကြီးကုန်တော့မှာပဲ...ဒါကတော့ထားလိုက်
ပါတော့ကျွန်တော်ပြောချင်တာကအချစ်၊အချစ်ဆိုတာဘာလဲ...မေးလိုက်ချင်တယ်...ပြောကြလိမ့်မယ်တစ်ယောက်တစ်မျိုး...
မလိုချင်ဘူးပြောကြပါ အချစ်ကိုအဓိပါယ်တူတာလေး...အများကြီးမတူပါနဲ့ဗျာ နှစ်ယောက်လောက်ပဲတူပေးပါ...ဒီလိုပြောလို့
ကျွန်တော်လည်းသိလိမ့်မယ်လို့မထင်နဲ့ သိဘူး...ဒါပေမယ့်လူတွေကိုတော့မေးဖူးတယ်...ပြောကြတာပဲတစ်ယောက်တစ်မျိုး...
ကဗျာဆရာတွေ၊သီချင်းရေးဆရာတွေကလည်းရေးလိုက်ကြတာအမျိုးမျိုး..အချစ်ဆိုတာပေးဆပ်မှူ၊အချစ်ဆိုတာရယူမှူ။အချစ်
ဆိုတာ စွန့်လွတ်ခြင်း၊နားလည်မှူ... အာ...ရှုပ်နေတာပဲ...ဘယ်သူမ အတိအကျ မပြောနိုင်ကြပါဘူး...အလွန်ခက်ခဲနက်နဲတဲ
လကမ္ဘာပေါ်တောင် လူတွေရောက်အောင် လူသားတွေပေါင်းစပ်ပြီး ကြိုးစားခဲ့ကြတယ်...ဒါပေမယ့် အချစ်ဆိုတဲ့စကားလေး
တစ်လုံးကျတော့ ဘာဖြစ်လို့ တူညီသောအဓိပ္ပါယ် မဖွင့်ဆို နိုင်ကြတာလဲ...စဉ်းစားစရာပဲဗျာ...အော်အချစ်အချစ်တော်တော်
ခက်ခဲနက်နဲတာပါလားဗျာ...ကျွန်တော်ကတော့အချစ်ကိုအချစ်လို့ပဲပြောချင်တယ်ဗျာ...ဟဲဟဲ..သူငယ်ချင်းကကောဘယ်လို
ပြောမလဲ???

No comments: